Friday, July 10, 2020

ဆယ့်နှစ်ရာသီ လ, ပွဲ, ပန်း, နက္ခတ်, တာရာ, နှင့် ရာသီရုပ်ပုံအစုံ

ဆယ့်နှစ်ရာသီ လ, ပွဲ, ပန်း, နက္ခတ်, တာရာ, နှင့် ရာသီရုပ်ပုံအစုံ။ ။ ဆယ့်နှစ်လရာသီ၏ ဆိုင်ရာမှတ်ဖွယ်များကို အကျဉ်းမျှ အစုံဖြေလိုက်သည်။

(၁) မိဿရာသီ- တန်ခူးလ၊ အတာသြင်္ကန်ရေလောင်းပွဲ၊ ရင်ခတ်ပန်း, ကံ့ကော်ပန်း၊ စိတြနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ တံငါတာရာထွန်း၊ ရာသီရုပ်ကား ဆိတ်သတ္တဝါဖြစ်၏၊ 

(၂) ပြိဿရာသီ- ၎င်းင်းအကျယ်"ကဆုန်လနှင့် မှတ်ဖွယ် ၁၆-ချက်"ဟူသော သုတေသနရပ်၌ကြည့်ပါ၊ 

(၃) မေထုန်ရာသီ- နယုန်လ၊ စာမေးပွဲသဘင်၊ မဟာသမယအခါတော်၊ ဓမ္မသဘင်၊ စပယ်ပန်း, မြတ်လေးပန်း၊ ဇေဋ္ဌနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ မြင်းတာရာထွန်း၊ ရာသီရုပ်ကား အပျိုနှင့်လူပျိုယှဉ်တွဲနေပုံ၊ 

(၄) ကရကဋ်ရာသီ- ဝါဆိုလ၊ ပဉ္ဇင်းခံပွဲသဘင်, ဓမ္မစကြာအခါတော် သဘင်၊ ပုန်းညက်ပန်း၊ အာသဠှီခေါ် ဥတ္တရာသဠ်နက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ပုဇွန်လုံးဂဏန်းသတ္တဝါပုံ၊ 

(၅) သိဟ်ရာသီ- ဝါခေါင်လ၊ စာရေးတံမဲ၊ ဆွမ်းလောင်းပွဲသဘင်၊ ခတ္တာပန်း၊ သရဝဏ်ခေါ် ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ခြင်္သေ့သတ္တဝါ၊ 

(၆) ကန်ရာသီ-တော်သလင်းလ၊ လှေပြိုင်ပွဲ, သစ်ဆင်းပွဲသဘင်၊ ယင်းမာပန်း, အဒြခေါ် ပြုပ္ပါဘဒြပိုဒ်နက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ကညာပျိုရုပ်ပုံ၊ 

(၇) တူရာသီ- သီတင်းကျွတ်လ၊ မြင့်မိုရ်မီးထွန်းပွဲ, ပဝါရဏာပွဲ, အဘိဓမ္မာအခါတော်သဘင်များ၊ ကြာမျိုးငါးပါးပန်း၊ အဿဝဏီနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ကျီးတာရာထွန်းတောက်၊ ရာသီရုပ်ကား ကုန်သည်ချိန်ခွင်ကိုင်ပုံ၊ 

(၈) ဗြိစ္ဆာရာသီ- တန်ဆောင်မုန်းလ၊ ကထိန်ပွဲတော်, တန်ဆောင်တိုင် ပွဲတော် ကြတ္တိကာနက္ခတ်ပွဲသဘင်၊ ခဝဲရွှေဝါပန်း၊ ကြတ္တိကာနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ကျီးတာရာထွန်း၊ ရာသီရုပ်ကား ကင်းမလက်မဲပုံ၊ 

(၉) ဓနုရာသီ- နတ်တော်လ၊ နတ်ကနားပေးပွဲ၊ ဂမုန်း အင်ပန်း, သဇင်ပန်း၊ မိဂသီနက္ခတ်နှင့် စန်းယှဉ်ပြည့်၊ ဟင်္သာတာရာထွန်း၊ ရာသီရုပ်ကား အရှေ့ပိုင်းလူ အနောက်ပိုင်းမြင်းဖြစ်၏၊ 

(၁၀) မကာရရာသီ-ပြာသိုလ၊ မြင်းခင်း ဆင်ခင်းသဘင်ပွဲ သူရဲကောင်းများဘွဲ့နှင့်သဘင်၊ ခွာညိုပန်း၊ ဖုသျှနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ပုစွန်တာရာထွန်း၊ ရာသီရုပ်ကား သမင်နှင့်ငါးဖြစ်၏၊ 

(၁၁) ကုံရာသီ- တပို့တွဲလ၊ ယာဂုနှမ်းမနဲပွဲ, ထမနဲပွဲ, မီးပုံပူဇော်ပွဲ၊ ဆူးပန်း၊ မာဃနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ချိန်တာရာထွန်း၊ ရာသီရုပ်ကား၊ ရေထမ်းသမားဆင်းရဲသားပုံ၊ 

(၁၂) မိန်ရာသီ- တပေါင်းလ၊ သဲပုံစေတီ ဘုရားပူဇော်ပွဲ၊ သရဖီပန်း ပိတောက်ပန်း၊ ဖဂ္ဂုဏခေါ် ဥတ္တရာဖလ ဂုဏ္ဏီနတ်ခတ်နှင့်စန်းယှဉ်ပြည့်၊ ဆံကျင့်တာရာထွန်း၊ ရာသီရုပ်ကား ငါးနှစ်ကောင်ရေကူးနေပုံ။

မှတ်ချက်။ ။ ဤ၌ တရာများကား သက္ကဋနက္ခတ္တဒီပနီနှင့် မယ်ခွေးအဲတို့ မတူကွဲလွဲရှိကြသည်။